“မင်္ဂလာပါ”

နွေးထွေးစွာ ကြိုဆိုပါသည်…

သီချင်းများရဲ့ ဒဏ္ဍာရီ

Posted by Mr.guitar on Feb-18-2009 under History

ပို့ စ်ခေါင်းစဉ်ကတော့ နည်းနည်း လန်းနေပါတယ်။ သီချင်းများရဲ့ အကြောင်းကို ရေးချင်တာပါ။ ဂစ်တာ တီးနေတဲ့ သူများအတွက်ရော သီချင်းဆို ၀ါသနာပါတဲ့သူများ အပြင် သီချင်းလေးတွေရေးသားစပ်ဆိုရတာကို ၀ါသနာပါသူများရော သေသေချာချာ သိထားသင့်တယ် ထင်လို့  ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ သီချင်းစာအုပ်ကလေးတွေမှာ တွေ့ နေရတဲ့ အမှတ်အသား သင်္ကေတကလေးတွေ ပီးတော့ ဘယ်လိုဆိုရမယ် ဘယ်လိုတီးရမယ်ဆိုတဲ့ သဘောတရား ညွန်ပြချက်ကလေးတွေကို သေသေချာချာ သိရှိနားလည်အောင်ပါ။ လူတော်တော် များများ သတိသိပ်မထားမိပါဘူး။ တွေ့ တော့တွေ့ နေတာဘဲ ဒါပေမယ့် သေချာနားလည်တဲ့သူ တော်တော်လေး နည်းပါတယ်။ ဒါကြောင့် ကျွန်တော်သိသလောက်တွေ ကိုပြောပြချင်ပါတယ်။ မှားယွင်းနေသည်များ လိုအပ်သည်များကိုလည်း ပြောပြပေးသွားကြပါ။ သီချင်းတပုဒ်မှာ ဖွဲ့စည်းပုံ အခြေခံ အချက်အလက်တွေ ဟာ တိတိကျကျရှိတတ်ပါတယ်။ လုံးဝခြားနားသွားတဲ့ သီချင်းအနည်းငယ်တော့ရှိတာပေါ့လေ။ အဲ့ဒါဘာတွေလည်းဆိုတော့ သီချင်းတပုဒ်ကို ဖန်တီးပီဆိုရင် intro, verse, chorus, solo, ending ဆိုတာတွေ မပါမဖြစ်ပါ ပါတယ်။ တိတိကျကျလိုက်နာရမယ့် စည်းကမ်းမျိုးရယ်လို့ တော့သတ်မှတ်မထားပေမယ့် သင်ဖန်တီးလိုက်တဲ့သီချင်းတပုဒ်ဟာ အင်္ဂါအစုံအလင်နဲ့ ဖြစ်ဖို့ တော့လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ သီချင်း စာအုပ်ကလေးတွေကို ကြည့်ကြရအောင်။ အပေါ်ဆုံးမှာ သီချင်းခေါင်းစဉ် တေးရေးနဲ့ တေးဆို တွေကတော့ သိပီးသားပါ။ ကဲ အောက်က သင်္ကေတလေးတွေကို လေ့လာကြည့်ရအောင်….

Read the rest of this entry »

Rock Discipline

Posted by Mr.guitar on Jan-28-2009 under Downloads, techniques

John Petrucci - Rock Discipline (DVD)  ပါ။ ရော့ခ် ဂစ်တာ တီးချင်သူများ . youtube မှတပိုင်းတစ သင်ခန်းစာများနဲ့ မရိုးမရွ ဖြစ်နေရသူများ။ လိဒ်ဂစ်တာတီးချင်တယ် သင်ပေးမယ့်သူမရှိဘူး ဆိုသူများ။ အီလက်ထရစ်ဂစ်တာ တီးခတ်ရာမှာ ဘယ်လိုနည်းစနစ်တွေနဲ့ တီးရတယ်။ သီချင်းတပုဒ်ကို ဘယ်လိုဖန်တီးမယ်။ ဂစ်တာတီးဖို့ တွက် ဆောင်ရန်ရှောင်ရန်နဲ့။ လေ့လာစရာတွေများကြီးပါတဲ့ lecture video ပါ။ ဒေါင်းလုပ်ဘဲချချ တိုက်ရိုက်ဘဲကြည့် လေ့လာ လေ့လာ တော်တော်လေးကို ကောင်းတဲ့ သင်ခန်းစာခွေတခုပါ။ ဗွီဒီယို ဖိုင်ကိုကြည့်ပီး တခါထဲ လိုက်တီးဖို့ အတွက် မူရင်းနူတ်စာအုပ်နဲ့ တကွ guitar pro tab ပါ တခါထဲထည့်ပေးထားပါတယ်။ pro လိုချင်သူများကတော့ ဒီမှာ ပြန်ယူရပါလိမ့်မယ်။ မူရင်းအော်ရီဂျင်နယ် ဖြစ်ပီး အစအဆုံး အကုန်လုံးပါပါတယ်။ လေ့ကျင့်ကြပါ။ အောင်မြင်ကြပါစေ…

John Petrucci - Rock Discipline (DVD) part1

John Petrucci - Rock Discipline (DVD) part2

John Petrucci - Rock Discipline (DVD) part3

John Petrucci - Rock Discipline (DVD) part4

John Petrucci - Rock Discipline (DVD) Original Book and Tab

GuitarSpeedTrainer.v2.3.8.4 (Cracked)

Posted by Mr.guitar on Jan-18-2009 under Downloads

ဂစ်တာနည်းနည်းတီးတတ်လာပီဆိုရင် ဖြစ်တတ်တဲ့ အကျင့်ကလေးတွေ ပေါ့ဗျာ။ ဟုတ်ပါတယ် ကျွန်တော်ကိုယ်တိုင်ရော တခြား မျက်မြင်အရရော ပြောရရင် ဂစ်တာလေးကို ဒေါင်ဒေါင်ဒင်ဒင် ခေါက်တတ်လာရင် လိဒ် lead solo လေးတွေကို ကလေး လမ်းလျှောက်သင်သလို စမ်းတ၀ါးဝါးနဲ့ တီးချင်လာပါတော့တယ်။ လွယ်လွယ်ကူကူ စကေးတိုလေးတွေ သီချင်း Intro တို့ Solo တို့  စတာလေးတွေကို လက်တည့်စမ်းတတ်လာပါတယ်။ ဒီလိုဘဲ ကိုယ့်အရှေ့မှာ တခြားတယောက်က တီးပြလာရင်လည်း သဘော အင်မတန်ကြတတ်ကြပါတယ်။ ဂစ်တာတီးတတ်စဟာ မွေးကင်းစ ကလေးတယောက်နဲ့လည်း တူပါတယ် အရာရာကို စူးစမ်းနေတတ်ပါတယ်။ စမ်းတ၀ါးဝါးနဲ့ လျှောက်ရင် ချော်လဲရင် နာချင်မူ့ ကို ခံစားတတ်ပေမယ့် အားထည့်မယ်ဆိုရင် အဆင်ပြေသွားတတ်သလိုပါဘဲ။ နာကျင်တယ် ပျင်းတယ် ဘာညာဆိုရင်တော့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ လိဒ် တီးတယ်ဆိုတာ တကယ်တော့ ဂစ်တာကို ကိုယ်ဘယ်လောက်ကျွမ်းကျင်လာပီ ဆိုတာကို ပြသခြင်းသဘောလည်း သက်ရောက်ပါတယ်။ စကေးလေးတွေကို သပ်သပ်ရပ်ရပ် လျှင်လျှင်မြန်မြန် တီးတတ်လာလေ နားထောင်လို့ ကောင်းလာလေ ပါဘဲ။ ပိုပြီးလည်း လူရှိန်လာတာပေါ့လေ ဒီကောင် ဂစ်တာဆရာကြီးဘဲပေါ့ ဘာညာဆိုရင် ဘာဘဲဖြစ်ဖြစ် ရင်ထဲမှာ တော့ ကျေနပ်သွားတတ် ကြတာဘဲ မဟုတ်လား။

Read the rest of this entry »

Essential tools

Posted by Mr.guitar on Jan-13-2009 under Downloads

ရှိပြီးသား သိပီးသားဖြစ်ရင်လည်းဖြစ်ကြမှာပါ ကျွန်တော့်မှာရှိတဲ့ ဂီတနဲ့ ပတ်သတ်တဲ့ ဆော့ဝ်လ်လေးတွေ ပေးချင်ပါသေးတယ်။ ဟောင်းရင်လည်းဟောင်းနေပါလိမ့်မယ်။ ဒါပေမယ့် လုံးဝမသိသေးတဲ့သူတွေအတွက်တော့ အသုံးဝင်လိမ့်မယ်လို့  ထင်ပါတယ်။

CakeWalk Pro Audio v8.0 ပါ။ အသံများကို ညှိချင်း dubbing, mixing စတဲ့ အသံများကို ပေါင်းစပ် တည်းဖြတ်ပြုပြင်ခြင်း ကိစ္စများကို ကိုယ်ပိုင်ကွန်ပျူတာလေး တလုံးရှိယုံနဲ့ စိတ်တိုင်းကျ ခြယ်မူန်းလို့ ရပီပေါဗျာ။ ဒီမှာ ယူထားလိုက်ကြပါ……

FL Studio 7 နဲ့မိတ်ဆက်ပေးချင်ပါတယ်။ CakeWalk နဲ့ခြားနားသွားချက်ကတော့ သူကအသံများကို studio ခန်းမကြီးတခုထဲက စက်တွေလို အတိုးအကျယ် အနိမ့်အမြင့် စတဲ့ လုပ်ဆောင်မူ့ များစွာကိုလုပ်ပေး နိုင်ပါတယ်။ CakeWalk စိတ်ကြိုက်ပြင်ပီးသား သီချင်းတပုဒ်ကိုမှ ဒီ software ကိုထပ်သုံးပီး ကိုယ့်စိတ်ကြိုက်နောက်ဆုံးအဆင့်ရသည် အထိ ပြုပြင်ယူကြတော့ပေါ့ဗျာ။ FL Studio v 7 ပါခင်ဗျာ…

Drum တီးခြင်းကို ၀ါသနာပါတယ်ဗျာ။ Drum set တခုလုံးတော့မတတ်နိုင်ဘူး ကွန်ပျူတာတော့သုံးလို့ အဆင်ပြေတယ် ဆိုသူများအတွက် PC drum tool လေးပါ။ အပျော်တမ်းတီးခတ်တာဘဲဖြစ်ဖြစ် Drum beat name တွေကိုလေ့လာချင်ရင် ဘဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ guitar pro လိုပါဘဲ mouse click လေးတွေလုပ်ပီး ဒရမ်ဘိကလေးတွေ အပျော်တမ်း ဖန်တီးလို့ ရတာပေါ့ဗျာ။ Drummer ကြီးများအတွက် ဒီမှာဒေါင်းပါ….

ကျွန်တော်ပေးထားတဲ့ ဆော့ဝဲလ်တွေကို သုံးပြုတဲ့အခါမှာ MIDI file အမျိုးအစားနဲ့ဘဲ ပြုပြင်လို့ ရပါတယ်။ MIDI ကို ပြောင်းလဲပစ်ဖို့ အတွက် converter tools လေးတွေ လိုအပ်ပါဦးမယ်။ အဲ့ဒါတွေကို ဒါတွေနဲ့ ဖြေရှင်းလိုက်ကြပါ။

1. Intelliscore Polyphonic WAV to MIDI Converter

2. MID converter

3. Blaze Media Pro 8.0 Full version

Guitar tuner tools

Posted by Mr.guitar on Jan-10-2009 under Downloads

မိမိမှာ ဂစ်တာတလက်ရှိတယ်။ သာမန် အပျော်တမ်း ဂစ်တာတီးဖို့ အတွက်က အဆင်ပြေယုံ ကြိုးညှိပြီး တီးခတ်လို့ ရပါတယ်။ ဒါပေမယ့် သီချင်းတပုဒ်ကိုဖွင့်ထားပြီး လိုက်တီးမယ်။ ဒါမှမဟုတ် သီချင်းထဲက တီးကွက် နုတ်တွေ ရှာချင်တယ်။ Master tuning လို့ ခေါ်တဲ့ standard tuning လုပ်ဖို့ အတွက်တော့ tuner မရှိရင် အခက်အခဲရှိနိုင်ပါတယ်။ ၀ါရင့်ဂစ်တာသမား တွေကတော့ အဆင်ပြေအောင်လိုက်ညှိ နိုင်ပေမယ့် ကျွန်တော်တို့ လို ၀ါသနာရှင်အဆင့်လေးတွေ အတွက်ကတော့ ကီးညီအောင် လိုက်ညှိဖို့ အခက်အခဲရှိနိုင်ပါတယ်။ မပူပါနဲ့ ဟော့ဒီမှာ software သေးသေးလေးတခုကို Download လုပ်ထားလိုက်ပါ။ တခြားကွန်ပျူတာရှိတဲ့ သူငယ်ချင်းတွေကိုလည်း ပေးလိုက်ပါဦးနော့်။ Internet သုံးနိုင်ပါတယ်ဆိုတဲ့ သူများအတွက်ကတော့ ပိုတောင် အဆင်ပြေပါသေးတယ်။ ဟော့ဒီ Online Instrument Tuners ကို ၀င်သုံးကြည့် လိုက်ပါဗျာ။ ဂစ်တာတခုထဲအတွက်တင်မဟုတ်ပါဘူး။ မယ်ဒလင်၊ ဘင်ဂျို တယော၊ ဘော့စ် စတဲ့ကြိုးတပ်တူရိယာတော်တော်များများကို လည်းညှိလို့ ရပါသေးတယ် master tuning အပြင် dropdown tune တွေအတွက်ပါ adjustable guitar tuners ပါပါသေး တယ်။ guitar pro မှာလည်း ကြိုးညှိဖို့ အတွက်ပါသေးတယ်ဗျ။ pro ကိုဖွင့်လိုက်ပြီး menu bar မှာရှိတဲ့ Track> properties မှာသွားညှိလို့ ရသလို Tools> Digital Guitar Tuner မှာလည်း မိမိကွန်ပျူတာကို Mic တပ်ပြီးညှိလို့ ရပါသေးတယ်။

Subscribe to “မင်္ဂလာပါ”